Search
Log in
My Task Manager is greyed out and not enabled. How can I enable it?
Thu Jan 01, 2009 7:49 am by Htinkyaw
အောက်မှာဖော်ပြပေးထားတဲ့ ပုံအတိုင်း task bar ကို right click ထောက်တဲ့အခါမှာ
task Manger မပေါါ်လို့ရှိခဲ့လို့ ရှိရင် ဘာလုပ်ရမလဲဆိုတာလေးကို ဖြေရှင်းရအောင်....

[ Full reading ]

Comments: 0
ကြားမိသမျှ ဟာသများ
Page 1 of 1 • Share •
ကြားမိသမျှ ဟာသများ
ဘယ်လောက်ချစ်လဲ
ကောင်လေး = ကိုယ့်ကိုချစ်လားဟင်….
ကောင်မလေး = ချစ်တာပေါ့။
ကောင်လေး = ဘယ်လောက်ချစ်လဲ …. ?
ကောင်မလေး = အရင်လူတွေထက် ပိုချစ်တယ်။
သူတို့လင်မယား
ပထမလူ = မနေ့ညက မင်းတို့လင်မယား ရန်အကြီးအကျယ် ဖြစ်ကြတယ်ဆို။ ဘယ်လိုဖြစ်ပြီး ဘယ်လိုပြီးသွားတာလဲ .. .. ။
ဒုတိယလူ = ဘယ်ရမလဲ ဒီမိန်းမ ဒူးထောက်ကျသွားတာပေါ့။ ဒူးနှစ်ဖက်တင်မကဘူး လက်နှစ်ဖက်ပါ ထောက်သွားတယ်ကွ ။
ပထမလူ = အလဲ့ တယ်ဟုတ်ပါလား၊ မင်းမိန်းမက လေးဖက်ထောက်ပြီး ဘာပြောလဲ ဆိုစမ်းပါဦး။
ဒုတိယလူ = အင်း ငါ့မိန်းမက လေးဖက်ထောက်ပြီး ရှင် အခုချက်ချင်း အဲ့ဒီကုတင်အောက်က ထွက်ခဲ့၊ ယောက်ျားပီပီ သတ္တိရှိရှိ ကျုပ်ကို ရင်ဆိုင်စမ်းပါတဲ့ ... ...... ဟီး ဟီး …။
ပထမလူ = ဟိုက် - သေလိုက်ပါတော့ကွာ …… ။
သေသွားတဲ့ယုန်
အသက် (၉၀)အရွယ်ရှိ အဘိုးအိုတစ်ဦးဟာ သူ့မိသားစု ဆရာဝန်ဆီရောက်လာပြီး
ဆရာရယ်၊ ကျွန်တော် ဘယ်တုန်းကနဲ့မှ မတူအောင် အားအင်တွေ ရှိနေလိုက်တာဗျာ။ အခုဆိုရင် အသက် (၁၈)နှစ် ရှိတဲ့ ကျွန်တော့် ဇနီးကလေး ကိုယ်ဝန်ရှိနေပြီဆရာ၊ ဘယ်လိုသဘော ရသလဲ .. ..
လို့ ခပ်ကြွားကြွားလေး မေးလိုက်ပါတယ်။ ဆရာဝန်က အဘိုးအိုရဲ့ မွေးခွန်းကို ခဏစဉ်းစားပြီး
ကျွန်တော့်မှာ အဘိုးလိုပဲ အသက်အရွယ် ကြီးရင့်တဲ့ မိတ်ဆွေ တစ်ဦး ရှိပါတယ်။ သူက မုဆိုးပါ။ သူ့ဘ၀မှာ တစ်ခါမှ သားကောင် လွတ်သွားတယ် ဆိုလို့ မရှိခဲ့ဖူးပါဘူး။ တစ်နေ့မှာတော့ သားကောင် ပစ်ဖို့ တောထဲ ထွက်လာ ရာမှာ သေနတ်အစား ထီးကောက်ကို မှားပြီး ယူသွားမိပါတယ်။ ချောင်းကလေး တစ်ခုကို ရောက်တော့ တစ်ဖက်ကမ်းမှာ ယုန်လေး တစ်ကောင်ကို မုဆိုးအဘိုးအိုက လှမ်းတွေ့လိုက်တယ်။ ဒါနဲ့ သူက ထီးကောက်ကို မြှောက်လိုက်ပြီး ဒိုင်း .. ဒိုင်း .. နဲ့ ပစ်လိုက်တာ ယုန်ကလေး ခင်မျာ သေသွားပါ လေရော။ အဲဒီ အဖြစ်အပျက်နဲ့ ပတ်သက်လို့ အဘိုး ဘယ်လို ထင်ပါသလဲ
လို့ ဆရာဝန်က ပြန်မေးလိုက်ပါတယ်။ ဒီအခါမှာ အဘိုးအိုက
ဒါတော့ ဘယ်ဖြစ်နိုင်မလဲ၊ ယုန်ကို တစ်ယောက်ယောက်က ပစ်လိုက်တာ နေမှာပေါ့
လို့ ဖြေလိုက်တဲ့အခါမှာ ဆရာဝန်က
ကျွန်တော့်အဖြေကလည်း အဲဒါပါပဲ လို့ ဆိုလိုက်ပါတယ်။

Htinkyaw- Admin
-

Number of posts: 25
Age: 27
Location: russia
Registration date: 2008-12-31

Page 1 of 1
Permissions in this forum:
You cannot reply to topics in this forum

» ကျွန်တော်အင်္ဂလိပ်စာလေ့လာချင်လို့
» ဆရာတစ်ယောက်ရဲ့ ဆုံးမစကား
» ကံ - ကံ၏အကျိုး
» ခွင့်သာခိုက်မှ မလိုက်ချင်လျှင်
» တွေးတောဆင်ခြင်လိုက်နာဖွယ်
» တိုးတက်ရာလမ်းကြောင်း
» ခံစားမိသော အချစ်ဒဿနလေး
» တစ်ကိုယ်ကောင်းစိတ် မထားပါနဲ့